Login to your account

Don't you have account yet?   REGISTER

Server Co-location အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

၁။ Server Co-location ဝန်ဆောင်မှုရယူလိုသည့် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနများ အနေဖြင့် ညွှန်ကြားရေးမှူးချုပ်၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနသို့ လိပ်မူ၍ လူကိုယ်တိုင်(သို့) On-line မှလျှောက်ထားနိုင်ပါသည်။

၂။ လျှောက်လွှာနှင့်အတူ Server Co-location Service Request Form အား ဖြည့်စွက်ပေးပို့ရပါမည်။

၃။ Public IP Address အသုံးပြုလိုပါက Public IPv4 Address Service Request Form အား ဖြည့်စွက်ပေးပို့ရ ပါမည်။

၄။ လျှောက်ထားသည့် ဝန်ဆောင်မှုအား ပေးအပ်နိုင်ခြင်း (Fasible) ရှိ/မရှိ အကြောင်း ပြန်ကြားပါမည်။

၅။ Fasible ရှိပါက သတ်မှတ်ဝန်ဆောင်ခနှုန်းထားများအတိုင်း စီမံ/ဘဏ္ဍာ ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် ကျသင့်ငွေ ပေးသွင်းပြီး ငွေလက်ခံဖြတ်ပိုင်းအားထုတ်ပေးပါမည်။

၆။ AN နှင့် Service Request Form များအား တစ်ပါတည်းယူဆောင်၍ Co-location Data Center e-Government ဌာန၊ ဆက်သွယ်ရေးရုံး(ဗဟိုမီးသတ်အနီး)၊ နေပြည်တော် သို့ ဆက်သွယ်၍ Server Co-location လာရောက်ထားရှိနိုင်ပါသည်။

Services

Server Co-location
Rack Rental

  • Share Rack ( up to 6U ) - 90,000 MMK
  • Half Rack - 300,000 MMK
  • Full Rack - 550,000 MMK
  • Additional Shelf Space ( 1 U ) - 15,000 MMK

Website Hosting
Server Rental

  • Disk Space
  • Additional Disk Space
  • Cloud Related Services

Domain Registration

  • gov.mm Domain
  • Sub Domain